မြေချဉ်ကို ကုသပါ၊ ရေအရည်အသွေးကို ထိန်းသိမ်းပါ၊ မြေဆီလွှာကိုသဘာဝအတိုင်း
ပြန်လည်ရှင်သန်ပါစေ။
ကျွန်ုပ်တို့၏ရည်မှန်းချက်
တောင်သူဦးကြီးများသည် ကျွန်ုပ်တို့၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးကြီးသည့်အခြေခံအုတ်မြစ်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့သောဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံးအခန်းကဏ္ဍမှပါဝင်သည်ဟု အကျွန်ပ်တို့က လက်ခံယုံကြည်ပါ သည်။ Nature Venture သည် မြန်မာတောင်သူဦးကြီးတို့၏ စိုက်ပျိုးရေးအရည်အသွေးတိုးတက်စေရန် တစ်ခန်းတစ်ကဏ္ဍမှ ပါဝင်ကူညီနေပြီး၊ အဓိကမျှော်မှန်းချက်မှာ ဦးကြီးများကိုယ်ပိုင်လုပ်ကိုင်နေသော စိုက်ပျိုးရေးအရည်အသွေးများကို ကူညီမြှင့်တင်ပေး ခြင်းဖြင့်၊ တိုးပွားလာသောအကျိုးအမြတ်များနှင့်အတူ ဦးကြီးတို့ဘဝ ပိုမိုအခြေတင့်မြင့်မားပြီး၊ ၎င်းကြွယ်ဝမှုဖြင့် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတစ်ခုလုံး၏ အားကောင်းသော ရေရှည်ကြွယ်ဝဖွင့်ဖြိုးမှုကို အထောက်အကူပြုရန် ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ဦးတည်ချက်
ရိုးသားကြိုးစား တိုးပွားမှုကိုမျှဝေရန်
ခေါင်းပုံဖြတ်အမြတ်ထုတ်မှုမရှိဘဲ၊ ရိုးသားမှု၊ တရားမျှတမှုတို့ကို လက်ကိုင်ထားပြီး၊ ရေရှည်တည်တံ့သောအကျိုးတရားကို အတူတကွ မျှဝေခံစားရန်။
စွမ်းအားမြှင့် ဆောင်ရွက်ရန်
ရလဒ်ကောင်းများရရှိစေရန်အတွက် ကုန်ထုတ်လုပ်စွမ်းအားကို အစွမ်းဆောင်နိုင်ဆုံး စွမ်းအားအမြှင့် ဆောင်ရွက်ရန်။
ရေရှည်ဖွင့်ဖြိုး တိုးတက်ရန်
ရေရှည်သာယာဝပြောမှု ဖွင့်ဖြိုးတိုးတက်မှုတို့အတွက် အတွေ့အကြုံဗဟုသုတနှင့် နည်းပညာကိုအခြေခံ၍၊ မှန်ကန်စွာဆောင်ရွက်ရန်
ကျွန်ုပ်တို့၏ တာဝန်
အကျွန်ုပ်တို့၏ အဓိကတာဝန်မှာ စိုက်ပျိုးရေးနှင့် ငါးပုဇွန်မွေးမြူရေးတို့တွင် အကြီးမားဆုံးအခက်အခဲဖြစ်နေသည့် လယ်ယာမြေများ မြေချဉ်လာမှုပြဿနာနှင့် ရေအရည်အသွေးနိမ့်ကျလာမှုပြဿနာများကို၊ ကျွန်တော်များ၏ ဆန်းသစ် တီထွင် အဆင့်မြင့်သည့် နည်းပညာများကို ပေါင်းစပ်အသုံးပြုကာ ခွဲခြမ်းစိတ်ဖြာစစ်ဆေးပြီး၊ မြေ၏ pH အရည်အသွေးနိမ်ကျမှုဖြစ်သည့် မြေချဉ်သည့်ပြဿ နှင့်၊ ရေ pH နိမ်ကျမှုပြဿနာတို့ကို ထိထိရောရောက် ဖြေရှင်းကုသပေးပါသည်။ ထိုသို့ နည်းစနစ်ကျကျ အဖြေရှာကုသခြင်းအားဖြင့် လုပ်သားအင်အားနှင့် ကုကျစရိတ်တို့ကိုများစွာလျှော့ချနိုင်ပြီး၊ အချိန်တိုအတွင်း အလွန်ထိရောက်သည့် ရလဒ်ကောင်းများကို ဦးကြီးများကိုယ်တိုင် ရရှိခံစားနေကြရပြီဖြစ်ပါသည်။ ထို့အပြင် ဦးကြီးများ၏ ကုန်ထုတ်စွမ်းအားများပိုမိုတိုးတက်စေရန်၊ ကုန်ကျ စရိတ်များကိုလျှော့ချနိုင်စေရန်နှင့်၊ ရေရှည်ခိုင်မြဲသည့်၀င်ငွေများ ရရှိနိုင်စေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာဗဟုသုတအသစ်များကို လည်း ဦးကြီးများထံ ဖြန့်ဝေပေးပါသည်။